မြန်မာ Myanmar နိုင်ငံ (ယခင်အခေါ် ဗမာ Burma)သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ် အရှေ့တောင်အာရှ အဖွဲဝင်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံသည် အနောက်မြောက်ဘက်တွင် ဘဂ်လားဒေ့ရှ်နှင့်အိန္ဒိယနိုင်ငံ၊ မြောက်နှင့်အရှေ့မြောက်ဘက်တွင် တရုတ်၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ ကပ္ပလီပင်လယ်၏ တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ဘဂ်လားပင်လယ်အော်တို့ နှင့်နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ မြို့တော်မှာ နေပြည်တော်ဖြစ်ပြီး အကြီးဆုံး မြို့တော်မှာ ရန်ကုန်ဖြစ်သည်။ မြန်မာနိုင်ငံ၏ မိခင်ဘာသာစကားသည် ဗမာစကားဖြစ်ပြီး၊ နိုင်ငံတောင်၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားသည်။ မြန်မာအက္ခရာများတွင် အစောဆုံးထင်ရှားသော ကျောက်စာများသည် (၁၁)ရာစုမှ စတင်ခဲ့သည်။ မြန်မာ-တရုတ်-တိဘက်၊ တိုင်ကဒိုင်၊ အော့စထရို-အာရုနှင့် အင်ဒို-ဥရောပသုံး ဘာသာစကားမိသားစု(၄)ခု၏ နေအိမ်ဖြစ်သည်။ ၎င်းတို့တွင် ဗမာ၊ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ ရှမ်း၊ ပလောင်၊ ပအို့၊ ဝ၊ မွန်တို့ ပါဝင်သည်။ မွန်၊ ပလောင်နှင့် ဝ တို့မှာ ဗမာစကားပြောသော လူမျိုးများဖြစ်ကြသည်။ စုစုပေါင်း ဘာသာစကား တစ်ရာကျော်ပြောဆိုကြသည်။ မြန်မာနိုင်ငံတွင် ဌာနေတိုင်းရင်းသားများ၏ ယဉ်ကျေးမှု အမျိုးမျိုးရှိပြီး အများစုမှာ ဗုဒ္ဓဘာသာနှင့် ဗမာလူမျိုးများဖြစ်ကြသည်။ဗမာယဉ်ကျေးမှုကို အိမ်နီးချင်းနိုင်ငံများ၏ ယဉ်ကျေးမှုများက လွှမ်းမိုးထားပြီး၊၎င်း၏ဘာသာစကား၊ အစားအစာ၊ဂီတ၊ အကနှင့် ပြဇာတ်ရုံတို့ဖြင့် ထင်ရှားသည်။ အနုပညာ အထူးသဖြင့် စာပေသည် သမိုင်းကြောင်း အရ ဒေသခံထေရဝါဒဗုဒ္ဓဘာသာ၏ လွှမ်းမိုးမှုခံရသည်။
မြန်မာနိုင်ငံသည် မြောက်ဘက်စွန်းတွင် ဟိမဝန္တာအရှေ့ဖျားဒေသ Eastern Himalayan Regionတောင်တန်းများနှင့် ဆက်စက်သည့် ဆီးနှင်းဖုံးတောင်စဉ် တောင်တန်းများတည်ရှိခြင်း၊ အနောက်ရိုးမ၊ အလယ်ရိုးမ၊ အရှေ့ရိုးမ တောင်တန်းများ၊ မြစ်ကြီးလေးစင်း (ဧရာဝတီ Ayeyawady၊ ချင်းတွင်း Chindwin၊ သံလွင် Thanlwin၊ စစ်တောင်း Sitaung) နှင့်ဆက်စပ်တည်ရှိသည့် ကုန်းတွင်းရေတိမ်ဒေသ Inland Wetlands နှင့်ရခိုင်၊ တနသ်ာရီ ကမ်းရိုးတန်း ရေတိမ်ဒေသ Coastal Wetlands၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် အဏ္ဏဝါဒေသ တည်ရှိသည်။နွေ၊ မိုး၊ ဆောင်း မျှတသော ရာသီဥတုရှိသည်။ ဤအချက်များနှင့် သဘာဝ ပထဝီ အနေအထားအရ တောင်တန်းဂေဟစနစ် Mountain Ecosystem၊ လွင်ပြင်ဂေဟစနစ် Plain Ecosystem ၊ ချိုင့်ဝှမ်းဂေဟစနစ် Valley Ecosystem၊ ကုန်းတွင်းရေတိမ်ဒေသ Inland Wetlands Ecosystem၊ ကမ်းရိုးတန်းရေတိမ်ဒေသ ဂေဟစနစ် Coastal Wetlands Ecosystem၊ မြိတ်ကျွန်းစု ဂေဟစနစ် Myeik Archipelago Island Ecosystem၊ သစ်တော ဂေဟစနစ် Forest Ecosystem၊ အပူပိုင်းခြောက်သွေ့ ဂေဟစနစ် Dry Zone Ecosystem စသဖြင့် ဂေဟစနစ်များ တည်ရှိသည်။ ဒေသခံတိုင်းရင်းသားများသည် သဘာဝ ရေအရင်းအမြစ် water resource၊ သက်ရှိဇီဝ အရင်းအမြစ် living resource နှင့် တောတောင် သဘာဝ ဂေဟစနစ် Natural Ecosystem ကိုအမှီပြုကာ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကို အဓိက အားထားကာ အသက်မွေးဝမ်းကျောင်း ပြုခြင်း၊ စီးပွားဖြစ် ထုတ်လုပ်ခြင်းတို့ လုပ်ဆောင်ကြသည်။ နာဂ နှင့် ဆလုံလူမျိုးတို့သည် သဘာဝနှင့်လိုက်လျောညီထွေစွာ သဘာဝ အရင်းအမြစ်များအပေါ် မှီခိုအားထားကာ အသက်မွေးမှုပြုသည့် သိသာထူးခြားသည့် ဒေသခံ တိုင်းရင်းသား လူမျိုးများ ဖြစ်သည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် နဂိုအတိုင်း ကြီးမားသော သဘာဝ ဂေဟစနစ် အချို့ရှိသော်လည်း ကျန်ရှိသော ဂေဟစနစ်များသည် မြေယာအသုံးမှုများကြောင့် ခြိမ်းခြောက်ခံနေရသည်။ မြန်မာ့ဂေဟစနစ် အကဲဖြတ်မှု စစ်တမ်း အတွက် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN) အနီရောင်စာရင်း၏ ဂေဟစနစ်အမျိုးအစားများနှင့် စံနှုန်းသတ်မှတ်ချက်များဖြင့် မြန်မာ့ကုန်းတွင်းပိုင်းရှိ ဂေဟစနစ်များကို အကဲဖြတ် ဆန်းစစ်ခဲ့ပါသည်။ ယခု IUCN အကဲဖြတ်မှု စစ်တမ်း အရ မြန်မာ့ဂေဟစနစ်များသည် ပျက်သုဉ်းပျောက်ကွယ်သွားနိုင်သည့် စိုးရိမ်ဖွယ် အခြေအနေကို ရင်ဆိုင်နေရကြောင်း သုံးသပ်နိုင်ပါသည်။
မြန်မာနိုင်ငံ၏ ပေါများစုံလင်သည့် ဇီဝမျိုးကွဲ Biodiversity ၊ သဘာဝဂေဟစနစ် Natural Ecosystem ရေရှည်တည်တံ့ရေးအတွက် သဘာသထိန်းသိမ်းရေး နယ်မြေ Natural Protected Area(၄၂)ခု တည်ထောင်သတ်မှတ် ကြေညာကာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး၊ ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်းရှင်း Convention on Biological Diversity –CBD၊ ရမ်ဆာကွန်းဗင်းရှင်း Ramsar Convention၊ အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ International Union for the Conservation of Nature-IUCN ၊ ကမ္ဘကုလသမဂ္ဂ ပတ်ဝန်းကျင် ဆိုင်ရာအစီအစဉ် United Nation Environment Program စသည့် ကမ္ဘာပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ရည်မှန်းချက်၊ လမ်းညွှန်ချက် မူဘောင်များနှင့်အညီ ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
အကဲဖြတ်ပြီးသည့် ဧရိယာများမှ သုံးပုံနှစ်ပုံနီးပါး (၆၄%) ကို သဘာဝဂေဟစနစ် အမျိုးအစားများအဖြစ် မြေပုံရေးဆွဲခဲ့သော်လည်း ၎င်း၏ထက်ဝက်ခန့် (၅၇.၈%)၊၂၄၇၅၀ စတုရန်းကီလိုမီတာ) သည် ခြိမ်းခြောက်ခံနေရသော ဂေဟစနစ် အမျိုးအစားများ(ပျက်သုဉ်းလုနီးပါး အန္တရာယ်ရှိ၊ ပျက်သုဉ်းရန် အန္တရာယ်ရှိနှင့် ပျက်သုဉ်းရန် အန္တရာယ် ကျရောက်နိုင်သည့် အဆင့်များ)တွင် ပါဝင်နေပါသည်။ ဆိုလိုသည်မှာ မြန်မာ့ဂေဟစနစ်၏ သုံးပုံတစ်ပုံကျော်သည် ပျက်သုဉ်းမှုအတွက် ခြိမ်းခြောက်ခံနေရသည့် နေရာများထဲတွင် ပါဝင်နေခြင်းပင်ဖြစ်သည်။ ထို့ပြင် ယခုအကဲဖြတ်မှုအရ ခြိမ်းခြောက်ခံနေရသော ဂေဟစနစ် အမျိုးအစားများ၏ ၃.၄% သာလျှင် သဘာဝထိန်းသိမ်းရေး နယ်မြေများတွင် ကျရောက်နေကြောင်း ထောက်ပြထားပါသည်။ ဂေဟစနစ်များ ပြန်လည်ကောင်းမွန်ရန်နှင့် ပျက်သုဉ်းခြင်းအန္တရာယ် လျော့နည်းသွားရန် ထိန်းသိမ်းရေးကြိုးပမ်းချက်များ ပိုမိုလိုအပ်မည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့သဘာဝစနစ် ဂေဟစနစ်များ ပျက်သုဉ်းပျောက်ကွယ်ခြင်း အန္တရာယ်ကို လျှော့ချနိုင်ရန်အတွက် ကောင်းမွန်မှန်ကန်သည့် ထိန်းသိမ်းရးစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရာတွင် ယခုဖော်ပြပါ မြန်မာ့ဂေဟစနစ် အကဲဖြတ်မှုစစ်တမ်းကို ထည့်သွင်းစဉ်းစား အသုံးပြုရန် အရေးကြီးမည် ဖြစ်ပါသည်။